နှစ်စဉ် ချီးမြှင့်မည့် ပညာသင်ဆုများ
လိုအပ်ချက်များ
ချင်းလူမျိုး ဖြစ်ရမည်။
အသက် 15 မှ 24 နှစ်အတွင်း ဖြစ်ရမည်။
2021ဆောင်ပုဒ်။
ဖေဖေါ်ဝါရီလ 1 ရက်နေ့မှစ၍ တပ်မတော် အာဏာသိမ်းခဲ့ပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်၊ တင်မြှောက်ထားသော ခေါင်းဆောင်များ အားလုံးကို ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ လူထုသည် အာဏာဖီဆန် လှုပ်ရှားမှု (CDM) တွင် ပါ၀င်ခဲ့ပြီး၊ နိုင်ငံ၏တိုးတက်မှုနှင့် ဒီမိုကရေစီ ပြန်လည် ကြိုးပမ်းရန် စစ်တပ်ကိုသတ္တိရှိရှိ ဆန့်ကျင်ခဲ့ပါသည်။ သို့သော်လည်း၊ ရာနှင့်ချီသောအသက်များကို ယူ၍ ကျွန်ုပ်တို့၏တိုင်းပြည်၌ မည်သည့်အခါမျှ တူညီလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ်တို့သိရပါသည်။ ပြည်သူများ၏အသံသည် ဖိနှိပ်ခံရနေရပြီး၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်၊ ပြောဆိုခွင့် မရနေသေးသူများအတွက်၊ ဤတာဝန်နှင့် လိုအပ်ချက် ရွေးချယ်စရာ ကျွန်ုပ်တို့ တွင် ရှိပါသည်။ သင်သည် အနုပညာလက်ရာတစ်ခု ဖန်တီးနေသည်ဖြစ်စေ၊ စာစီစာကုံးရေးခြင်းဖြစ်စေ၊ ရုပ်ရှင် ရိုက်ကူးခြင်းဖြစ်စေ၊ သီချင်းတစ်ပုဒ် ရေးစပ်ခြင်းဖြင့်ဖြစ်စေ၊ မသိဖူးသောသူနှင့် မကြားဖူးသောသူများအတွက် ဟစ်တိုင် ဖြစ်ပါစေ။ ဇာတိမြေအတွက်ပါ။
အမျိုးအစား 4 မျိုး။ အမျိုးအစား တစ်ခုစီတွင် လူငယ်၊ မောင်မယ် ဆုရရှိသူ 1 ဦး။
ဆု -$1,000.00
အနုပညာ
လမ်းညွှန်ချက်များ -
မူရင်း ဖြစ်ရမည်
အစဉ်အလာ သို့မဟုတ် ဒစ်ဂျစ်တယ်ဖြစ်နိုင်သည်
ပုံ၊ ပန်းချီ၊ ပန်းပု၊ ကြွေထည်၊ ဒစ်ဂျစ်တယ် အနုပညာ စသည်
သင့်အလုပ်၏ဖော်ပြချက် (အများဆုံး စာလုံးရေ 500)
တင်သွင်းမှု -
ကျေးဇူးပြု၍ သင်၏အလင်းရောင်ကောင်းများ အောက်တွင် သင်၏အစွမ်းအစကို အကောင်းဆုံး တင်ပြပါ
သင့်အလုပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါက၊ ပယ်ချမည်
သင်တင်ပြရန်အတွက် သင်၏အလုပ်ကို (ဒစ်ဂျစ်တယ် ဖြစ်အောင်) စကင်ဖတ်နိုင်သည်
ဤသည် တရား၀င် လုပ်ငန်းစဉ်တွင် အားနည်းချက်များကိုတင်ပြသော ဓာတ်ပုံများ တင်ပြမည် မဟုတ်ပါ
မည်သည့်ရုပ်ပိုင်းဆိုင်ရာ တင်ပြချက်များကိုမဆို ကျွန်ုပ်တို့လက်ခံမည် မဟုတ်ပါ
“အနုပညာဆိုတာ သင်မြင်တဲ့အရာ မဟုတ်ဘူး၊ ဒါပေမယ့် တခြားသူတွေကို မြင်အောင် ပြတဲ့အရာပါ”
-Edgar Degas
ဆု - $1,000.00
စာစီစာကုံး
အောက်ပါအချက်များထဲမှ တစ်ခုကိုရွေးပြီး စာစီ စာကုံးရေးပါ။ ထုတ်ဖော် ပြောဆိုပါ၊ တီထွင်ဖန် တီးပါ၊ သင်၏စကားလုံးများ စွမ်းအားကိုသုံးပါ။
အချက်များ -
မြန်မာနိုင်ငံ CDM အခြေအနေနှင့် ပတ် သက်၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောနေတာကိုမြင်ယောင်ကြည့်ပါ။
သင်ဘာပြောမလဲ။
ဒေါ်အောင်ဆန်းစုကြည်ဆီကို စာတစ်စောင်ရေးနိုင်ပါက၊ သူမကို ဘာပြောမလဲ။
ပုဂ္ဂိုလ်ရေးအရ၊ လက်ရှိဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပျက်နေသော မည်သည့် အဖြစ်အပျက်များက
သင့်အား ဘာသင်ပေးခဲ့သလဲ။
လမ်းညွှန်ချက်များ -
စာလုံးရေ 2,500 – 3,000
Times New Roman, စာလုံးအရွယ်အစား 12 အသုံးပြုပါ
ဝါကျအကွာအဝေး နှစ်ဆ
အင်္ဂလိပ်၊ ချင်း၊ မြန်မာ ဘာသာစကားများဖြင့် တင်ပြနိုင်သည်
တင်သွင်းမှု -
သင်၏စာစီစာကုံးကို PDF ဖိုင်အဖြစ်သိမ်းပြီး တင်ပါ
“ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် သင့်ကလောင်တံကို ကောက်ကိုင်ပြီး ရေးပါ”
- Martin Luther
ဆု - $1,000.00
ရုပ်ရှင်
Walt Disney က တစ်ချိန်တုန်းက ပြောခဲ့ဖူးသည်မှာ -“…ဒါငါတို့ ဇာတ်လမ်း ပြောသူတွေ လုပ်တာပဲ။ ကျွန်ုပ်တို့၏ စိတ်ကူးစိတ်သန်းဖြင့် အမိန့်ပြန်ပေးတယ်။ ငါတို့ကမျှော်လင့်ချက်ကို အထပ်ထပ် ဖန်တီးတယ်။ ”
ဒါကြောင့် သင့်ကင်မရာကိုယူ၊ မီးတွေအဆင် သင့်၊ ဇာတ်ညွှန်းတစ်ခုကိုရေးခြစ်ပြီး၊ သင့်ကမ္ဘာထဲ ငါတို့ကို ဆွဲခေါ်ပါ။ သင့်ဇာတ်လမ်းက ဘာဖြစ်မလဲ။
လမ်းညွှန်ချက်များ -
5 မိနစ်ထက် မပိုစေရ
အင်္ဂလိပ်၊ ချင်း သို့မဟုတ် မြန်မာ သို့မ ဟုတ် ဇာတ်ကြောင်းတစ်ခုခု ဖြစ်နိုင်သော် လည်း၊ အင်္ဂလိပ်စာတန်းထိုး လိုအပ်သည်
ဂီတသံစဉ်များရှိပါက၊ ၎င်းသည် မူပိုင်ခွင့် အခမဲ့ သို့မဟုတ် လိုင်စင် ရှိရမည်
နဂိုရိုက်ကူး မထားသော ဗီဒီယိုသုံးပါက၊တစ်စုံတစ်ယောက်အား (ထုတ်ဝေခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း) ထုတ်လုပ်ခြင်းတွင်ပါဝင်သူ
တစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုပါ။
တင်သွင်းမှု -
YouTube သို့တင်ပြီး link တစ်ခုတင်ပြပါ
နမူနာရုပ်ရှင်ကြည့်ရန် အောက်ပါ နမူနာကို နှိပ်ပါ။
ဆု - $1,000.00
တေးရေး
စကားလုံး သံစဉ်များ စီးဆင်းစေပြီး ဂီတစည်းဝါးရစ်သမ်နှင့် စီးဆင်းစေပါ။ ဂစ်တာညှိပြီး သီချင်းစာသားများကိုစပြီး ရေးစပ်
သီကုံးပါ၊ ဆော့ဝဲ ဖွင့်လိုက်ပါ၊ မှတ်တမ်းခလုတ်ကိုစပြီး နှိပ်လိုက်ပါ။
လမ်းညွှန်ချက်များ -
ထုတ်ဝေထားခြင်း မရှိသောမူလဖွဲ့စည်းမှု အသစ်စက်စက် ဖြစ်ရမည်
သီချင်းတွင် စာသားနှင့် ဂီတသံစဉ်များ နှစ်ခုလုံး ပါရမည်
5 မိနစ် သို့မဟုတ် 5 မိနစ်ထက် နည်း ရမည်
ညစ်ညမ်းမှု မပါဝင်စေရ
ပါဝင်ရမည့် အချက်အလက်များ -
သီချင်းစာသား
တူရိယာ မူကွဲ ဗားရှင်းတစ်ခု
ရောနှောမှုအပြည့် (ဂီတနှင့်စာသားများ)
သင့်အလုပ်အကြောင်း ဖော်ပြရှင်းလင်းချက် (အများဆုံး စာလုံးရေ 500)
တင်သွင်းမှု -
လိုအပ်သော အစိတ်အပိုင်း လေးခု တင်ပြပါ
သီချင်းများသည် တေးဂီတ၊ တေးရေး၊ မူရင်းနှင့် သီချင်းစာသားများကို အခြေခံ၍ ဆုံးဖြတ်လိမ့်မည်။
"စကားလုံးများ မအောင်မြင်လျှင်၊ ဂီတသံစဉ်သည် စကားပြောတတ်သည်"
-Hans Christian Anderson
သတင်းအချက်အလက်များ တင်သွင်းခြင်း
ကျေးဇူးပြု၍ သင်၏တင်ပြချက်များကို media@davidstanleyfoundation.org သို့အီးမေးလ်ပို့ပါ
အကြောင်းအရာတွင်“သင်၏ယှဉ်ပြိုင်မှု အမျိုးအစား၊ အမည်အပြည့်အစုံ”ကိုရေးပါ။
အီးမေးလ်၏စာကိုယ်၌ ကျေးဇူးပြု၍ ထည့်သွင်းပါရန် -
သင်၏အမည် အပြည့်အစုံနှင့် အသက်
ကျောင်းနှင့် အတန်း (လိုအပ်လျှင်)
ဆက်သွယ်နိုင်သော အချက်အလက်
ကျေးဇူးပြု၍ လိုအပ်သော ပူးတွဲ ဖိုင်များကိုပို့ပါ၊ အမျိုးအစား တစ်ခုစီအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရန်/တင်ပြမှု စည်းမျဉ်းများအတိုင်း လိုက်နာပါ
နောက်ဆုံးနေ့ - 2021 ခုနှစ်၊ နိုဝင်ဘာလ 31 ရက်၊ ည 11:59 နာရီ အရှေ့စံတော်ချိန် (EST)
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ
ဒီပညာသင်ဆုအတွက် အမေရိကန်မှာ နေဖို့လိုသလား။
မလိုပါ။ ကမ္ဘာတစ်ဝှမ်းလုံးရှိ ချင်းလူမျိုးများအတွက် ကျင်းပ ပြုလုပ်သော နိုင်ငံတကာပညာသင်ဆုဖြစ်ပါသည်။
ကျွန်ုပ်တို့ ကို ဘယ်သူအကဲဖြတ်မလဲ။
David Stanley Foundation (DSF) နှင့် ဆက်စပ်သော အကဲဖြတ် ဒိုင်အဖွဲ့ဝင်များက အမျိုးအစား တစ်ခုစီအတွက် အနိုင်ရရှိသူကို အကဲဖြတ် ဆုံးဖြတ်မည်။
“ချင်း”တွင် ဘယ်သူတွေ သတ်မှတ်နိုင်သလဲ။
သင်ကဘယ်နေရာကဘဲဖြစ်ဖြစ် ငါတို့အားလုံး ချင်းလူမျိုးတွေပါ။
ရလဒ်ကို ကျွန်ုပ်တို့ ဘယ်တော့သိရမလဲ။
ရလဒ်ကို ဒီဇင်ဘာလအတွင်း ကြေငြာမည်။
အမျိုးအစားတစ်ခုထက် (အနိုင်ရရန်) ကျွန်ုပ်လျှောက်ထားနိုင်သလား။
လျှောက်ထားနိုင်တယ်။ သင်လိုချင်ရင် အမျိုးအစား အားလုံးအတွက် တင်သွင်းနိုင်ပါတယ်။ သင့်အလုပ်က အခြား အမျိုးအစားများ အားလုံးမှာ ထိပ်ဆုံးကပါရင်၊ သင်က အမျိုးအစားတစ်ခုထက်ပိုပြီး အနိုင်ရနိုင်တယ်။ စောင့်မျှော်နေပါ။
ပညာသင်ဆုနှင့် ပတ်သက်၍ ကြေငြာချက်များနှင့် နောက်ဆုံးသတင်းများကို ကျွန်ုပ်တို့ ဘယ်မှာရနိုင်မလဲ။
Instagram နှင့် Facebook တွင် ကျွန်ုပ်တို့ကိုလိုက် ပါ။ ဤစာမျက်နှာ၏အောက်ခြေတွင် ကလစ်နှိပ်နိုင်သောအိုင်ကွန်များ ရှိပါသည်။